Thursday, March 25, 2010

ခွင့်လွှတ်ကြပါကုန်

တပေါင်းမိုး

မိုးမင့်နတ်စည် မြည်ပင်မြည်လည်း
မမြည်ဝံ့ဝံ့ မြည်ဝံ့ဝံ့နှင့်
ရွံ့ လျက်သာလျှင် တိုးတိုးပင်တည့်။

မိုးမင့်ဒေ၀ါ ရွာပြန်ပါလည်း
မရွာဝံ့ဝံ့ ရွာဝံ့ဝံ့ နှင့်
ရွံ့လျက်သာလျှင် ဖွဲဖွဲပင်တည့်။

မိုးသံမပီ မိုးမပီသည့်
အတည်မကျ နွေဦးလတွင်
ပွင့်ကြ၀ါရွှေ မိုးပေါက်ခြွေ၍
မြေခပြန့်ကျင်း ငုပန်းခင်းကို
ရှုရင်းငါ့ဝယ် အသွယ်သွယ်သည်
ဘယ်ဆီလွမ်းမိ တပ်မသိ ။ ။

ဇော်ဂျီ
(posted by Daw Khin Thant Zin on her FB :P)

တကယ်တော့ အပေါ်က ကဗျာလေးကို ကြိုက်သား။
ဒါပေမယ့် ဒီကဗျာတင်ထားတဲ့ ဒေါ်ခင်သန့်ဇင်ကို အရွဲ့တိုက်ရင်း အောက်က စာလေးထွက်လာတာပါပဲ။ :P :P

ခွင့်လွှတ်ကြပါကုန်
ဆရာဇော်ဂျီ တော်သည် ကျော်သည်
ငါသိငြားလည်း ရင်မှာမထိ မငြိခဲ့သည်။

ဇော်ဂျီကဗျာ ဆွေးကာရွတ်ဆို
စီတီအို ခေါ် ဆရာအိုအား
နှစ်သက်ငြားလည်း
ငါသည် မှတ်မိခဲလှသည်။

ကဗျာမမည် စာမမည်ဖြင့်
ငါ၏ ပေါင်းသင်း ရောင်းရင်းများအား
နှိပ်စက် ကလူပြုမိသည်ကို
ဆရာနှစ်ပါး မျက်မာန်မပွားဘဲ
ခွင့်လွှတ်ကြစေ ချင်ပါသည်။ :P
(NNA)

1 comment:

Khin Nyein Chan said...

ဟက် ဟက် ဒီလိုဝန်ခံမှပေါ့ဗျာ ...ရွဲ့လဲရပါတယ်လေ ခိခိ

Post a Comment