Monday, December 28, 2009

Ben Bernanke (Time's person of the year)

I rarely check Mankiw’s blog. In the past year, I just visited his blog only once. But recently I clicked on his blog to see what have been on and found the following link and got impressed and decided to hook it also at mine.

တိုင်း(မ်)မဂ္ဂဇင်းက အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဘန်ဘာနန်းကေးကို မဂ္ဂဇင်းရဲ့ ၂၀၀၉ခုနှစ် (Person of the year) အဖြစ်ရွေးချယ်ပြီး သူ့ရဲ့ဘ၀ဇာတ်ကြောင်းကို ဓါတ်ပုံတွေ၊ ပုံစာတွေနဲ့ အတိုချုံး ဖော်ပြပေးထားပါတယ်။

http://www.time.com/time/photogallery/0,29307,1947811_2013188,00.html

ဘာနန်းကေးကို ဆေးဆရာဖခင်နဲ့ ကျောင်းဆရာမိခင်တို့က ၁၉၅၃ခုနှစ် ဒီဇင်ဘာလ ၁၃ရက် မှာ တောင်ကယ်ရိုလိုင်းနားပြည်နယ်က ဒီလန်ဆိုတဲ့ လယ်ယာလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ ဂျူးနွယ်ဖွား ဘာနန်းကေးလေးဟာ ငယ်စဉ်ကတည်းကး အလွန်တော်တဲ့ကလေးလို့ ဆိုပါတယ်။ ကောလိပ်ဝင်ခွင့်အတွက် ဖြေရတဲ့ Scholastic Assessment Test(SAT) စာမေးပွဲမှာလည်း စုစုပေါင်း အမှတ် ၁၆၀၀ မှာ ရမှတ် ၁၅၉၀ ရအောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ်မှာ ပြည်နယ်အဆင့် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး နိုင်ငံအဆင့်မှာတော့ အဆင့် ၂၆ ချိတ်ခဲ့တယ်လို့ ဆိုပါတယ်။ edelweiss ဆိုတဲ့ စကားလုံးကို သတ်ပုံမပေါင်းနိုင်ခဲ့လို့ပါတဲ့။ ငယ်စဉ်က ကျောင်းရဲ့ ဘင်ခရာတီးဝိုင်းမှာ စက်စိုဖုန်းတီးခဲ့ပါတယ်။ သူဟာ ကောလိပ်ကျောင်းမတက်ခင်ံဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ဝင်လုပ်ခဲ့ဖူးသလို စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုး လည်း လုပ်ခဲ့ဖူးပါတယ်။ ဒီအတွေ့အကြုံကြောင့် အလုပ်သမား လူတန်းစားတွေရဲ့ ဘ၀ကို သူကောင်းကောင်းကြီး နားလည်သဘောပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တော့ သူ ဟားဗတ်တက္ကသိုလ်ဝင်ခဲ့ပါတယ်။ ၁၉၇၅ခုနှစ်မှာ ဘောဂဗေဒအထူးပြု ဘွဲ့ရခဲ့ပြီးတဲ့နောက် မက်စီချူးဆက်နည်းပညာတက္ကသိုလ်(အမ်အိုင်တီ)မှာ ဒေါက်တာဘွဲ့ အတွက်ဆက်လက်ပညာသင်ယူခဲ့ပါတယ်။ အမ်အိုင်တီမှာ ကျောင်းတက်နေစဉ် ၀ဲလက်စ်လေ က ကျောင်းသူ အင်နာနဲ့ ချိန်းဆိုတွေ့ဆုံရာကနေ ရင်းနှီးကျွမ်းဝင်ပြီး ၁၉xx ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။အခုဆိုရင် သား အကြီးလေးက ဆေးကျောင်းတက်နေပြီး သမီးငယ် ကတော့ ကောလိပ်ပြီးသွားပါပြီ။ သူ့ရဲ့အလုပ်သက်တမ်းတစ်လျှောက်မှာ ပညာရေးလောကမှာ ပဲ အဓိကကျင်လည်ခဲ့ပြီး ၁၉၂၉- ၁၉၃၃ အတွင်း ကြုံတွေ့ခဲ့ရတဲ့ “Great Depression” လို့ခေါ်တဲ့ အမေရိကန်ရဲ့ စီးပွားပျက်ကပ်ကာလကို အထူးပြုလေ့လာခဲ့ပါတယ်။
၁၉၇၉ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ စတန်းဖို့ဒ်တက္ကသိုလ်မှာ ဆရာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီးနောက် နယူယောက်တက္ကသိုလ်မှာ ဧည့်ပါမောက္ခနဲ့ ပရင်စီတန်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၂ခုနှစ်နဲ့ ၂၀၀၅ခုနှစ်အတွင်းမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌများဘုတ်အဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ခုနှစ် မှာ သမ္မတဂျော့ခ်ျဘွတ်ရှ် (ဂျူနီယာ)က အနားယူတော့မယ့် ဗဟိုဘဏ်ဥက္ကဋ္ဌ အယ်လန်ဂရင်းစပန်း ရဲ့နေရာမှာ အစားထိုးဖို့ သူ့ကို ရွေးချယ်လိုက်ပါတယ်။
၂၀၀၉ခုနှစ်ဆန်း အိုဘားမား သမ္မတ ဖြစ်လာပြီးနောက်ပိုင်းမှာလည်း ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် သူ့ကိုပဲ ဆက်လက် ရွေးချယ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။
(Ref: http://en.wikipedia.org/wiki/Ben_Bernanke)

Sunday, December 27, 2009

Translated Economic Jokes

အီဗော်လူရှင်းနရီ (ဆင့်ကဲဖြစ်စဉ်) ဘောဂဗေဒပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဖြစ်သည်။
မေး။ ပြင်သစ်တော်လှန်ရေးကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ဘယ်လိုထိခိုက်မှုရှိလဲ။
ဖြေ။ ပြောရမှာ စောလွန်းပါသေးတယ်။

(Heard at the workshop of evolutionary economists at IIASA:
Q: How has French revolution affected world economic growth?
A: Too early to say.
xxxxxxxxxxxxxxx
ဘီလ်။ ငါ့မှာ သက်တော်စောင့် တစ်ရာရှိတယ်။ တစ်ယောက်ကတော့ သစ္စာဖောက်ပဲ။ ဒါပေမယ့် ဘယ်တစ်ယောက်မှန်းမသိဘူး။ ငါလည်း ဘာလုပ်ရမယ်မှန်း မသိဘူး။ တကယ့်ပြသာနာပဲ။
ဘောရစ်။ ဒါ ဒီလောက် ကြီးတဲ့ ပြသာနာ မဟုတ်ပါဘူးကွာ။ ငါ့မှာတော့ ဘောဂဗေဒပညာရှင် အယောက်တစ်ရာရှိ လေရဲ့။ မူဝါဒတစ်ခုမချမှတ်ခင် သူတို့အားလုံးပြောတာကို ငါ နားထောင်ကြည့်ရတယ်။ ဒီအထဲမှာမှ တစ်ယောက်ပဲ အမှန်ပြောတယ်။ မှန်တဲ့တစ်ယောက်ကလည်း အခေါက်တိုင်း ဘယ်တော့မှ လူထပ်တယ်ဆိုတာ မရှိဘူး။

Bill and Boris are taking a break from a long summit, Boris says to Bill, -Bill, you know, I have a big problem I don't know what to do about. I have a hundred bodyguards and one of them is a traitor. I don't know which one. -Not a big deal Boris, I'm stuck with a hundred economists I have to listen to all the time before any policy decision, and only one tells the truth but it's never the same one.

အစည်းအဝေးတစ်ခုကို အတူတက်ပြီး ပြန်လာတဲ့ ဘောဂဗေဒပညာရှင် နှစ်ဦး လေယာဉ်ပေါ်မှာ့ အစည်းအဝေး ခန်းထဲက အကြောင်းအရာတွေကို ဆက်ဆွေးနွေးလာကြတယ်။ မကြာခင်မှာပဲ သူတို့ကြားထဲက ခရီးသည် တစ်ယောက်က သူတို့ချင်း ဆွေးနွေး လို့ရအောင်နဲ့ သူလည်း ကောင်းကောင်း အိပ်လို့ရအောင် နေရာချင်းလဲပေး မယ်လို့ ပြောလာတယ်။
အဲဒီတော့သူတို့ထဲက တစ်ယောက်က စီးပွားရေးအကြောင်းဆွေးနွေးနေချိန်မှာ လူတွေ အိပ်မပျော်အောင် လုပ်နိုင်တာ ဒီတစ်ခါ ပထမဆုံးပဲလို့ မှတ်ချက်ချတယ်။
Xxxxxxxxxxxxxxxxxxx

ဝါရင့်ဘောဂဗေဒပညာရှင်တစ်ဦးနဲ့ အတွေ့အကြုံနုသေးတဲ့ဘောဂဗေဒပညာရှင်တစ်ဦး လမ်းလျှောက်လာကြရင်း ကတ္တရာလမ်းပေါ်မှာ မစဉ်ပုံနဲ့ တိုးပါတယ်။
ဝါရင့် ဘောဂဗေဒပညာရှင်။ "မင်း ဒါကို စားရင် ဒေါ်လာ ၂၀၀၀၀ ပေးမယ်"။
ဝါနုတဲ့ တစ်ယောက်ကလည်း optimization နည်းနဲ့တွက်ချက်ပြီးတော့ စားလိုက်ရင်အကျိုးအမြတ် ရှိမယ်လို့ တွက်မိလို့ စားလိုက်ပြီး ၀ါရင့် ဘောဂဗေဒပညာရှင် ဆီက ငွေကိုယူလိုက်တယ်။
အဲသလိုနဲ့ ဆက်လျှောက်လာရင်း နောက်ထပ် မစဉ်ပုံ တစ်ပုံနဲ့ တိုးပြီး တက်နင်းမိမလို ဖြစ်သွားကြတယ်။
ဒီတစ်ခါတော့ အတွေ့အကြုံနုတဲ့ဘောဂဗေဒပညာရှင်က "ခင်ဗျား ဒါကို စားရင် ကျွန်တော် ဒေါ်လာ ၂၀၀၀၀ ပေးမယ်"။
ဝါရင့်တစ်ယောက်က ဒီကမ်းလှမ်းချက်ကို စမ်းစစ်ပြီးတဲ့နောက် လက်ခံလိုက်တယ်။
အဲဒီနောက်တော့ ၀ါနုတဲ့တစ်ယောက်က အခုလိုတွေးမိလာပြီး ပြောလိုက်တယ်။
"ကျွန်တော်တို့နှစ်ယောက်စလုံး အရင်ရှိတဲ့ ငွေအတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ မစင်ပုံတွေ စားလိုက်ရတာသာ အဖတ်တင်တာ။ နှစ်ယောက်စလုံး ဘာမှ အမြတ်မထွက်ဘူး။"
ဒါနဲ ၀ါရင့် ဘောဂဗေဒပညာရှင်က အခုလို ပြန်ပြောလိုက်တယ်။
"အင်း။ မှန်တော့ မှန်တယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်စလုံး ဒေါ်လာ ၄၀၀၀၀ တန် ကုန်သွယ်ရေးလုပ်ဖြစ်လိုက် တယ် ဆိုတာ မင်းက ထည့်မတွက်မိပဲကိုး"။

Experienced economist and not so experienced economist are walking down the road. They get across shit lying on the asphalt.
Experienced economist: "If you eat it I'll give you $20,000!"
Not so experienced economist runs his optimization problem and figures out he's better off eating it so he does and collects money.
Continuing along the same road they almost step into yet another shit.
Not so experienced economist: "Now, if YOU eat this shit I'll give YOU $20,000."
After evaluating the proposal experienced economist eats shit getting the money.
They go on. Not so experienced economist starts thinking: "Listen, we both have the same amount of money we had before, but we both ate shit. I don't see us being better off."
Experienced economist: "Well, that's true, but you overlooked the fact that we've been just involved in $40,000 of trade."

(Ref: http://netec.mcc.ac.uk/JokEc.html)

Saturday, April 11, 2009

ဒိုင်ယာရီ (စက်တင်ဘာ ၂၀၀၈)

“Ricard”ဟု ၀ှိုက်ဘုတ်ပေါ်တွင် ဆရာကြီးက ရေးလိုက်ပြီးနောက် ဘောဖျက်နှင့် ဖျက်လိုက် သည်။ နောက်တစ်ကြိမ် Ri ထပ်ရေးပြီး ထပ်ဖျက်လိုက်ပြန်သည်။ ဆံပင်ငွေရောင် အသားဖြူဖြူ ပိန်ပိန်း ပါးပါးနှင့် မပုလွန်းမရှည်လွန်းသော ဆရာကြီးသည် ရီကားဒီးယန်း မော်ဒယ်အကြောင်းကို ရှင်းပြရန် အရှိန်ယူနေရှာသည်။
“ရီကားဒီးယန်း’ဟု အစချီလိုက်သည့် ဆရာကြီး၏ အသံဝဲ၀ဲ မျှင်မျှင်လေး ထွက်လာသည်။
ယနေ့ဆိုလျင် ကျောင်းဖွင့်ပြီး ငါးရက်မြောက်နေ့ရှိပေပြီ။ နိုင်ငံတကာဘောဂဗေဒ ဘာသာရပ်အတွက် ပထမဆုံးသော သင်တန်းချိန်ဖြစ်သည်။ အတန်းပြီးလျင် အိမ်တန်းပြန်မည်။ အိမ်ကို ညနေ လေးနာရီ ကျော်ကျော်လောက်တော့ ရောက်သွားပေမည်။ အဲဒီအချိန်ဆိုလျင် ရန်ကုန်မှာ နှစ်နာရီ လောက်သာ ရှိပေအုံးမည်။ မောင်လည်း ရုံးဆင်းအုံးမည် မဟုတ်သေး။ မောင်နှင့် ဂျီတော့ခ်ပေါ်တွင် ပြန်တွေ့နိုင်မည်။ မောင့်ကို သတိယသည်။ မောင်နှင့် စကားပြောပြီး မောင်ရုံးဆင်းမှသာ စာကြည့်မည်။
“ဒေးဗစ်ရီကားဒိုး………’
ဆရာကြီးသည်ရီကားဒီးယန်းမော်ဒယ်ကို ရေးခဲ့သူ၏ အကြောင်းကို အကျဉ်းချုပ် ရှင်းပြ နေသည်။ ဆရာကြီးဝတ်ထားသည့် ရှပ်အကျီ င်္သည် စွတ်စွတ်ဖြူပြီး ဖွေးကာ သန့်စင်လွန်းလှ သည်။ မောင်သည်လည်း အဖြူစွတ်စွတ် ရှပ်အကျီ င်္နှင့် လွန်စွာလိုက်ဖက်မည့် သဘောရှိသည်။ စေ့စပ်သည့် အထိမ်းအမှတ် သူငယ်ချင်းများကို ညစာကျွေးသည့်နေ့က ၀တ်သည့် ဆင်စွယ်နု ရောင် အကျီ င်္လေးနှင့်ပင် မောင်သည် အလွန်ကြည့်ကောင်းလှသည်။ လေးကိုင်းသဖွယ် ကွေး ကာ အလယ်တွင် ထိစပ်မတတ်ရှိပြီး (ကျွန်မထက်စာလျင်) ထူထဲသည့် မောင်၏ မျက်ခုံးများ ကြောင့် မောင့်မျက်နှာက ပိုပြီးထင်းလို့နေသည်။
ပြုံးရယ်လိုက်လျင် ချိုအီဝင်းပသွားသည့်မောင့်မျက်နှာသည် တစ်ခါတစ်ရံ မိတ်ကပ်ကူ သည့်ကြားကပင် အရောင်မတက်ချင်သည့် ကျွန်မနှင့်တော့ (အနည်းငယ်) ကွာသည်။ ကျွန်မ သည် ဤမျှ ကြည့်ကောင်းလွန်းသည့်ယောက်ကျားတစ်ယောက်နှင့် စေ့စပ်ဖြစ်သည်အထိ ပတ်သက်၊ သက်ဆိုင်သွားလိမ့်မည်ဟု ဘယ်တုံးကမှ မထင်ထားခဲ့ပါ။ မောင်သည် မိန်းကလေး များ၏ စိတ်ကိုတော့ သိပ်နားလည်ပုံ ရှိဟန်မတူရှာ။ တစ်ခါတစ်လေ ညဘက်ကြီးလည်း ကား ဂိတ်တွင် ကျွန်မကို တစ်ယောက်တည်း ထားခဲ့တတ်သည့် မောင့်ကို ဘာကြောင့်များ တစ်ဘ၀ လုံးအတွက် သည်းခံလက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်လည်း မသိတော့ပါ။
‘Two countries, two goods, one factor…’
သီအိုရီအရ နှစ်နိုင်ငံ၊ ထုတ်ကုန်နှစ်မျိုးနှင့် သွင်းအားစုတစ်မျိုးအကြောင်း ဆရာကြီးက ဆက်လက်ရှင်းပြနေသည်။ ကုန်စည်နှစ်မျိုးသည် နှစ်နိုင်ငံအကြေား လွတ်လပ်စွာစီးဆင်းခွင့်ရှိ သော်လည်း သွင်းအားစုဖြစ်သည့် လုပ်သားကတော့ ကုန်စည်များလို လွပ်လပ်စွာ စီးဆင်း ခွင့်မရှိပါဟု ဆိုသည်။ မောင်နှင့် ကျွန်မသည်လည်း တစ်ယောက်တစ်နိုင်ငံတွင် ရှိနေကြသည်။ ရုပ်သဘောအရ အလွယ်တကူ တွေ့ဆုံပေါင်းစည်းလို့ မရသေးကြပေမယ့် ကျွန်မတို့ နှစ်ဦးကြား သွင်းအားစုဖြစ်သည့် ချစ်ခြင်းမေတာတရားကတော့ မိုင်တွေ ဝေးလို့ နိုင်ငံတွေခြားလည်း အပြန်အလှန်စီးဆင်းနေအုံးမည်သာ။
စူးစူးဝါးဝါးထွက်ပေါ်လာသည့် ကျောင်းဆင်းအချက်ပေးသံသည် ကျွန်မအတွက်တော့ ချိုမြိန်စရာ ကောင်းလှတော့သည်။