Monday, March 29, 2010

Thanks

Thanks MPL lay,
I could change new template and add visitors with your kind help. Thanks for patiently guiding me afar and giving me the time.
အပျင်းပြေရေးနေတဲ့ ဘလော့လေး လှပသွားအောင် စိတ်ရှည်လက်ရှည် ကူညီပေးခဲ့တဲ့ MPL Lay ကို ကျေးဇူး တင်ပါတယ်။

News of the Day (28th March 2010)
http://www.google.com/hostednews/ap/article/ALeqM5hkveLB56JCzxoTWaW84FSrpY-W8QD9EO7Q2O0

Sunday, March 28, 2010

မိုးရွာသည့် ည

မိုးကရွာ
သူခိုးတော့မလာ
ဆန်ကုန်ပေမယ့်
မြေမလေး
စားစရာမရှိ
လျော်စရာလည်းမရှိ

Friday, March 26, 2010

Buddha's teachings

"There is happiness in life,
happiness in friendship,
happiness of a family,
happiness in a healthy body and mind,
...but when one loses them, there is suffering."
Dhammapada

When something can be corrected,
What is the use of remaining displeased?
When something cannot be changed,
Why harbour ill-will?

(Lotus Born Guru Padmasambhava)

Whatever is born is impermanent and is bound to die.
Whatever is stored is impermanent and is bound to run out.
Whatever is joined is impermanent and is bound to fall apart.
Whatever is built is impermanent and is bound to collapse.

(Patrul Rinpoche) reflecting Buddha’s teachings.

Thursday, March 25, 2010

ခွင့်လွှတ်ကြပါကုန်

တပေါင်းမိုး

မိုးမင့်နတ်စည် မြည်ပင်မြည်လည်း
မမြည်ဝံ့ဝံ့ မြည်ဝံ့ဝံ့နှင့်
ရွံ့ လျက်သာလျှင် တိုးတိုးပင်တည့်။

မိုးမင့်ဒေ၀ါ ရွာပြန်ပါလည်း
မရွာဝံ့ဝံ့ ရွာဝံ့ဝံ့ နှင့်
ရွံ့လျက်သာလျှင် ဖွဲဖွဲပင်တည့်။

မိုးသံမပီ မိုးမပီသည့်
အတည်မကျ နွေဦးလတွင်
ပွင့်ကြ၀ါရွှေ မိုးပေါက်ခြွေ၍
မြေခပြန့်ကျင်း ငုပန်းခင်းကို
ရှုရင်းငါ့ဝယ် အသွယ်သွယ်သည်
ဘယ်ဆီလွမ်းမိ တပ်မသိ ။ ။

ဇော်ဂျီ
(posted by Daw Khin Thant Zin on her FB :P)

တကယ်တော့ အပေါ်က ကဗျာလေးကို ကြိုက်သား။
ဒါပေမယ့် ဒီကဗျာတင်ထားတဲ့ ဒေါ်ခင်သန့်ဇင်ကို အရွဲ့တိုက်ရင်း အောက်က စာလေးထွက်လာတာပါပဲ။ :P :P

ခွင့်လွှတ်ကြပါကုန်
ဆရာဇော်ဂျီ တော်သည် ကျော်သည်
ငါသိငြားလည်း ရင်မှာမထိ မငြိခဲ့သည်။

ဇော်ဂျီကဗျာ ဆွေးကာရွတ်ဆို
စီတီအို ခေါ် ဆရာအိုအား
နှစ်သက်ငြားလည်း
ငါသည် မှတ်မိခဲလှသည်။

ကဗျာမမည် စာမမည်ဖြင့်
ငါ၏ ပေါင်းသင်း ရောင်းရင်းများအား
နှိပ်စက် ကလူပြုမိသည်ကို
ဆရာနှစ်ပါး မျက်မာန်မပွားဘဲ
ခွင့်လွှတ်ကြစေ ချင်ပါသည်။ :P
(NNA)

Wednesday, March 24, 2010

ရက်လွန်နေ့ရက်များ

ခြောက်နေတဲ့ မုန်လာ
ဝါနေတဲ့ ဂေါ်ဖီ
အညှောင့်ထွက်နေတဲ့ အာလူး
ရက်လွန်နေတဲ့ အားဆေးတောင့်
ကုန်ခမ်းသွားတဲ့ နာရီဘတ်ထရီ
သူတို့ ငါ့ကို ကြိုနေသည်။

Tuesday, March 23, 2010

အရှေ့တိုင်းဖျားမှ ထွင်းထုသည့် နှင်းပန်းပု


Let me share the link of my story in MT.

http://myanmar.mmtimes.com/2010/timeout/458/to02.html

လေမှာလွင့်ဝဲနေတဲ့ သူ့ရဲ့ ဆံနွယ်စ တချို့ကို ဖြတ်တောက်ပစ်လိုက်ပါ တယ်။ ချွန်မြတဲ့ နှာခေါင်းထက်က ပိုနေတဲ့ အသားစိုင်တချို့ကိုလည်း သူဖဲ့ ထုတ်လိုက်ပြန်ပါတယ်။

နီရဲတဲ့သွေးစက်တွေအစား ဖြူလွအေးစက်တဲ့ အသားစမှုန်တွေလွင့်စဉ် ထွက်လာပါတယ်။ နာကျင်ဟန်မပြဘဲ သခင့်အလိုကျ ခံယူနေတဲ့သူ့ရဲ့ အသား စိုင်ဟာ ကြည်လင်သလောက် အေး စက် မာကျောလှပါတယ်။ ဒါပေမယ့် သူဟာ နေရောင်ခြည်နဲ့ အပူဒဏ်ကို တော့ ခံနိုင်ရည် မရှိရှာ ပါဘူး။

ခါးလေးကော့ပြီး ရင်ကို ချီထားတဲ့ သူ့ရဲ့ဟန်ပန်ဟာ လေဟုန်စီးဖို့ ပျံကြွ လေတော့မယောင်ပါ။ သူဟာ လူ မိန်းကလေးရဲ့ ခန္ဓ္ဓာကိုယ်အထက်ပိုင်း နဲ့ ငါးရဲ့အမြီးလို ခန္ဓာကိုယ်အောက်ပိုင်းကို ပိုင်ဆိုင်ထားတဲ့ ရေသူမလေး ပါ။

လျှပ်စစ်လွန်ပူနဲ့ ထိုးဖယ်ခွာချလိုက်တဲ့ ရေခဲမှုန်တွေဟာ စာရေးသူရဲ့ မျက်နှာကိုလွင့်စဉ်ထိမှန်လာပါတယ်။ အ၀ါရောင်မိုးကာဂျာကင် အင်္ကျီကို ၀တ်ဆင်ထားတဲ့ မစ္စတာဝါတာနဘဲဟာ ရေသူမရေခဲရုပ်တုလေးကို လက်စသတ်လိုက်တယ်ဆိုရင်ပဲ ပရိသတ်ရဲ့လက်ခုပ်သံ တွေ ထွက်ပေါ်လာပါတယ်။

ကျေနပ်မှုနဲ့ ပြုံးရွှင်နေတဲ့ သူ့ရဲ့ မျက်နှာထက်မှာတော့ ရေခဲမှုန်တွေက ချွေးပေါက်တွေအလား ခိုသီနေပါတယ်။

ဖေဖော်ဝါရီလလယ်က ကိုဘေးမြို့နားက ရော့ကိုလို့ အမည်ရတဲ့ တောင်ပေါ်အပန်းဖြေစခန်းမှာ ကျင်းပတဲ့ ရေခဲပွဲတော်မှာ မစ္စတာဝါ တာနဘဲဟာ သူ့ရဲ့အဖွဲ့နဲ့အတူ ရေခဲပန်းပု လာရောက် ထုလုပ်ပြသနေတာဖြစ်ပါတယ်။

သူ အခုလို ရေခဲပန်းပု ထုလုပ်တာ နှစ်ပေါင်း ၃၀ ရှိပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆောင်းအကုန် နွေအကူး ပူပြင်းတဲ့ တပေါင်း၊ တန်ခူး ဆီကို ချင်းနင်းဝင်ရောက်နေချိန်ဖြစ် ပေမယ့် ဖေဖော်ဝါရီ လဟာ ဂျပန်နိုင်ငံ မှာတော့ အအေးဆုံးလ တစ်လဖြစ်တာကြောင့် တချို့နေရာတွေမှာ ရေလည်း ခဲသလိုနှင်းလည်း သည်းသမို့အခု လိုရေခဲပန်းပု၊ နှင်းပန်းပုတွေကို ထုလုပ် ပြသ၊ ပြိုင်ပွဲတွေကျင်းပတတ်ပါတယ်။

ကြီးမားလှတဲ့ ရေခဲတုံးကြီးတွေကို လိုချင်တဲ့အရွယ်အစား၊ အနေအထားအလိုက် လွှတွေနဲ့ ဖြတ်တောက်လို့ ကောက်ကြောင်းပေးပြီး ကိုယ်လိုရာ ရုပ်တုကို လျှပ်စစ်လွန်ပူနဲ့ ထုဆစ်နေကြတာကို တွေ့ရပါတယ်။

လက်တစ်ဖက်က အမဲကောင်၊ တစ်ဖက်က ဓားကို ဆွဲကိုင်ထားတဲ့ မုဆိုးရဲ့ရုပ်တု၊ လည်တိုင်ကြော့ကြော့ အမြီးကော့ကော့နဲ့ ငန်းဖြူ၊ သားကောင် ကို ထိုးသုတ်တော့မယောင် နှုတ်သီးချွန်ချွန်၊ အတောင်ကားကားနဲ့ ငှက်ရုပ်ကြီးတွေဟာ ဆလိုက်မီး ရောင်စုံအောက်မှာ အလှဖြာနေကြပါတယ်။

ကျားနှစ်ကို ကိုယ်စားပြုတဲ့ ကျားရုပ် တုနဲ့ ကံကောင်းခြင်းကို ကိုယ်စားပြုတဲ့ ငါးရုပ်ကြီးတွေကိုလည်း တွေ့ရပါတယ်။

ရုပ်တုအများစုကတော့ ခြောက်ပေ လောက် မြင့်ပြီး သုံးပေကနေ ၁၅ ပေ လောက်အထိ ရှည်ကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ဟိုကိုင်းဒိုးကျွန်း၊ဆက်ပိုရိုမြို့မှာကျင်းပတဲ့ ရေခဲပန်းပုပွဲတော်ဟာနာမည်ကြီးလှပါတယ်။လမ်းတွေပေါ်မှာထုဆစ် ထားတဲ့ ရေခဲပန်းပုရုပ်ကြီးတွေဟာ ၁၅ ပေပတ်လည် အခန်းတစ်ခန်းစာမက ကြီးမား ကြသလို ရဲတိုက်လိုတစ်ဖုံ၊ နန်းတော်လိုတစ် သွယ်နဲ့ ခမ်းနားလှပကြပါတယ်။

ရော့ကို တောင်ပေါ်မှာကတော့ အဲဒီလောက် ကြီးမားတဲ့ ရေခဲပန်းပုတွေ မရှိ ပါဘူး။ လေယာဉ်၊ ဒါမှမဟုတ် သင်္ဘောနဲ့ တစ်ညအိပ် သွားရတဲ့ ဆက်ပိုရိုအထိ မသွားနိုင်တဲ့ စာရေးသူတို့အတွက်တော့ အစားထိုး ဖြေသိမ့်စရာပေါ့။

ရေခဲပန်းပုတွေအပြင် ကလေးတွေ ဆော့ကစားဖို့ ရေခဲနှင်းလျှောတွေကို လည်း လုပ်ပေးထားပါတယ်။ ရေခဲထုနဲ့ ဆောက်ထားတဲ့ အက်စကီးမိုးအိမ် ကလေးရှေ့မှာတော့ ဓာတ်ပုံရိုက်ဖို့ တန်းစီနေတဲ့ သူတွေကစီလို့ပေါ့။ စာရေး သူနဲ့သူငယ်ချင်းတွေလည်း အပြေး အလွှား ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။

ဒီလောက် အေးလှတဲ့ ရေခဲတုံး အခေါင်းကြီးထဲ အက်စကီးမိုးတွေ ဘယ်လိုများ နေနိုင်ပါလိမ့်လို့လည်း တွေးမိပါတယ်။ သို့ပေမယ့် အပြန်အလှန် နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာ တရားတွေနဲ့ တည်ဆောက်ထားတဲ့ မိသားစုအိမ်ကလေး ဆိုရင်တော့ အေးစက်မာ ကျောတဲ့ ရေခဲထုတွေနဲ့ တည်ဆောက်ထား လည်း နွေးထွေး သာယာတဲ့ အိမ်ကလေးဖြစ်မှာ မလွဲပါဘူးလို့ ဖြည့်တွေးနေမိပါတော့ တယ်။

Thursday, March 18, 2010

ဖူကူအိုကာမြို့ကလေးဆီ


မနက်ဖြန် ခရီးထွက်ရမယ်ဆိုတော့ စိတ်က လှုပ်ရှားမိနေတယ်။ အသွားအပြန် ၄ ရက် ကြာ မယ်ဆိုတော့ သယ်သွားရမယ့် အ၀တ်အစားတွေ၊ လိုမယ့် ဆေးတွေ လှန်လှောရှာနေ မိတယ်။

အသွားကတော့ ဆေးရွန်းဂျုးဟချိကစ်ပု (Seishun juuhachi kippu)နဲ့သွားကြမှာပါ။ Seishun ဆိုတာကတော့ လူငယ်လူရွယ်၊ တက်သစ်စအရွယ်လို့ အဓိပ္ပါယ်ရပါတယ်။ juuhachi ကတော့ ၁၈ ပေါ့။ kippu ကတော့ လက်မှတ်ပါ။

ဒီလက်မှတ်က ကျောင်းသားတွေအတွက် ရည်ရွယ်ပုံရပါတယ်။ ဒါပေမယ့် အခုတော့ ဘယ်သူ မဆို ၀ယ်သုံးလို့ ရပါတယ်။ ဒီလက်မှတ်က တစ်နှစ်မှာမှ ကျောင်းပိတ်ချိန် နှစ်ရာသီမှာပဲ ရောင်း ပါတယ်။

ဥပမာ-အခု ဆောင်းရာသီ ကျောင်းပိတ်ချိန် ဖေဖေါ်ဝါရီလဆန်းကနေ ဧပြီလဆန်း ပထမ အပတ်အထိ ၀ယ်လို့ သုံးလို့ ရသလို နွေကျောင်းပိတ်ချိန် သြဂုတ်လဆန်းကနေ စက်တင် ဘာလ တတိယပတ်လောက်ထိ ၀ယ်လို့ သုံးလို့ရပါတယ်။

တစ်စောင်ကို ယန်း ၁၁၅၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ကျပ် တစ်သိန်း နှစ်သောင်းကျော်လောက် ကျမှာပါ။ ဒီလက်မှတ်လေးရဲ့ အားသာချက်ကတော့ တစ်ကြိမ် တည်းမှာ လူငါးဦးအတူတူစီးလို့ရပါတယ်။

လက်မှတ်ပေါ်မှာ တစ်ဦးကို တံဆိပ်တုံးတစ်တုံး ထုပေးလိုက်ပါတယ်။ သူက မနက်ရထားတွေ စထွက်တဲ့ ငါးနာရီကျော်ကနေ ညရထားသိမ်းချိန် ၁၂ နာရီ ကျော်အထိ ဒေသရထား (လော်ကယ်ရထား)တွေ ကြိုက်သလောက်စီးလို့ရပါတယ်။ ပိုက်ဆံထပ်ပေးစရာမလိုပါဘူး။

ဥပမာ ကျွန်းမကြီးဖြစ်တဲ့ ဟွန်းရှုး ပေါ်မှာ ရှိတဲ့ ကျိုတိုမြို့ ကနေ ၅၁၆ ကီလိုမီတာကွာဝေးတဲ့ ဖူကူအိုကာမြို့အထိ တစ်ယောက်ကို ယန်း ၉၇၀၀ ကျမယ့် ခရီးကို တစ်ယောက် ယန်း ၂၃၀၀ လောက်နဲ့ သွားနိုင်တာ မျိုးပါ။

ဒါပေမယ့် သူက သီးသန့် အထူးအမြန်ရထားတွေကိုတော့ သုံးလို့မရပါဘူး။ ဒါကြောင့် ဒီလက်မှတ်နဲ့ သွားရင် လူတော့ နည်းနည်းပင်ပန်းပါတယ်။ နောက်ပြီး ရန်ကုန်-မန္တလေး ရထားတွေလို တစ်စီးတည်း တစ်ကြောင်းတည်းနဲ့ ခရီးရောက်တာ မျိုးမဟုတ်ပါဘူး။ ရထားတွေ အဆင့်ဆင့် ပြောင်းစီးသွား ရပါတယ်။

အဲဒီတော့ ကောင်းကောင်း အိပ်လိုက်သွားမယ်လို့်မှ မကြံသေးခင် နောက်တစ်စီး ပြောင်းစီးရ မယ့် သဘောမျိုးပါ။ နောက်ပြီး နောက်တစ်စီးကို အချိတ်အဆက် မိအောင် ပြေးနိုင် ဖို့ကလည်း လိုပါသေးတယ်။

တစ်ချို့ဘူတာတွေမှာ နောက်တစ်စီးပြောင်း ချိန်က ၅မိနစ် လောက်ပဲ အချိန်ရတော့ ပလက် ဖောင်း တစ်ခုတည်းမှာပဲ ပြန်စောင့်စီးရရင် အကြောင်းမဟုတ် ပေမယ့် နောက်ပလက်ဖောင်း တစ်ခုကို ပြောင်းစီးရမယ်ဆိုရင်တော့ ပြေးနိုင်မှ တန်ကာကျမှပါ။

ကိုယ်အခုသွားမယ့် ဖူကူအိုကာမြို့ က ကျိုတိုကနေ ၅၁၆ ကီလိုမီတာ (မိုင်၃၂၀ကျော်) ဝေးပါ တယ်။ မနက် ၈နာရီခွဲထွက်ရင် ညနေ ၈နာရီခွဲလောက်မှ ရောက်သွား မှာပါ။ ဒါ ထမင်းစားချိန် မပါသေးပါဘူး။ ဘူတာတစ်ခုခုမှာ နေ့လည်စာ စားကြရင်တော့ ပိုကြာ သွားမှာပါ။

ရောက်တဲ့ညကတော့ ပင်ပန်းတာနဲ့ပဲ တန်းအိပ်ကြမယ့်သဘောရှိပါတယ်။ ဖူကူအိုကာမြို့ ကလေးက ဂျပန်နိုင်ငံမှာ ရှေးအကျဆုံးမြို့လေးတစ်မြို့လို့လည်း သိရပါတယ်။ ကျူးရှူးကျွန်း ပေါ်မှာ ဆိုရင် တရုတ်ပြည်နဲ့ရော ကိုရီးယားနဲ့ပါ အနီးဆုံးမြို့ဂိတ်ပေါက်လို့ ဆိုပါတယ်။

နောက်ပြီး စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ပုံပြင်လေးလည်းရှိခဲ့ဖူးတဲ့မြို့ပါ။ ဒီလိုပါ။ မွန်ဂိုအင်ပါယာ ကို ချဲ့ထွင်ခဲ့တဲ့ ကူဘလိုင်ခန်ဟာ ၁၂၆၈ ခုနှစ်မှာ ဂျပန်နိုင်ငံကို သံတမန်တစ်ဦးစေလွှတ်ပြီး မွန်ဂိုတွေရဲ့ လက်အောက်ခံအဖြစ် လက်ခံဖို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂျပန်ရိုဂွန် စစ်သူကြီးတွေက ငြင်းပယ်လိုက်တာကြောင့် ၁၂၇၄ခုနှစ်မှာ တပ်သား ၃၃၀၀၀ ပါဝင်တဲ့ သင်္ဘောအစီး ၉၀၀ ကို စေလွတ်ပြီး ဖူကူအိုကာ မြို့ဟောင်းနေရာကို ချီတက် သိမ်းပိုက်စေ ပါတယ်။ ဒါပေမယ့် တိုင်ဖုန်း မုန်တိုင်း ကြောင့် တပ်ဖွဲ့တွေဟာ ဆုတ်ခွာသွားခဲ့ရ ပါတယ်။

ဂျပန်နိုင်ငံရဲ့ ရာဇ၀င်မှာ ပြည်ပ ကျူးကျော်စစ်ကို ကြုံတာ အဲဒါ ပထမဆုံးအကြိမ်လို့ သိရပါ တယ်။ အဲဒီနောက်ပိုင်းမှာ ကျူကျော်သူတွေ ရန်က ကြံြ့ကံ့ခံနိုင်အောင် ယနေ့ ဖူကူအိုကာ (ယခင် ဟာကတမြို့) ရှိတဲ့ ဟာကတ ပင်လယ်အော်မှာ အမြင့် ၂မီတာကနေ ၃ မီတာအထိ ရှိပြီး ၂၀ ကီလိုမီတာကျော် ရှည်တဲ့ ကျောက်တံတိုင်းကြီးကို တည်ဆောက်လိုက်ပါတော့တယ်။

၁၂၇၉ ခုနှစ်မှာတော့ ကူဘလိုင်ခန်ဟာ ဂျပန်နိုင်ငံကို သံတမန်တွေ ထပ်ပြီး စေလွတ်လိုက်ပါ တယ်။ ဒါပေမယ့် အဲဒီအချိန်က အုပ်စိုးတဲ့ ဟိုးဂျိုးတာကိမုနဲ ဟာ ကူဘလိုင်ခန်ရဲ့ ကမ်းလှမ်း ချက်ကို လက်မခံတဲ့အပြင် မွန်ဂိုသံ ငါးဦးကိုလည်း ခေါင်းဖြတ်သတ်လိုက်ပါတယ်။
ဒီသတင်းကြားလေတဲ့ ကူဘလိုင်ခန်ဟာ ဒေါသအမျက် ချောင်းချောင်းထွက်လေသမို့ ၁၂၈၁ ခုနှစ်မှာ စစ်သည် တစ်သိန်း လေးသောင်းကို သင်္ဘောအစီး ၄၀၀၀ နဲ့ စေလွှတ်လိုက်ပါတယ်။

စစ်သည် လေးသောင်းသာ ရှိတဲ့ ဂျပန်တပ်ဟာ မွန်ဂိုတပ်ကို အင်အားချင်းမယှဉ်သာပါဘူး။ မွန်ဂိုတွေဟာ ဖူကူအိုကာ မြို့ရဲ့ တောင်ဘက် ၁၅ကီလိုမီတာ အကွာအထိ ချဉ်းကပ်လာ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဖြစ်ချင်တော့ တိုင်ဖုန်းမုန်တိုင်း ပြင်းပြင်းထန်ထန်ကျရောက်ပြီး မွန်ဂိုတွေဘက်က သင်္ဘောတွေဟာ မုန်းတိုင်းအောက်မှာ မရှုမလှ ပျက်စီးနစ်မြုပ်ကုန်ပါတော့တယ်။ သဘာဝရဲ့ မျက်နှာသာပေးမှုကြောင့် ရန်သူဘေးက လွတ်မြောက်ခဲ့ရတဲ့ ဂျပန်တွေဟာအဲဒီ မုန်တိုင်းကို ကျေးဇူးတင်လွန်းလို့ (Kamikaze) လေနတ်မင်းလို့ ခေါ်တွင်ကြပါတယ်။

သူတို့ကို လေနတ် မင်းက ကယ်မ လိုက်တယ်လို့လည်း ယူဆကြပါတယ်။ အသိ ဂျပန်အဘ ကြီးကတော့ အဲဒီအချိန်က မွန်ဂိုတွေ စစ်ရှုံးတာ တိုင်ဖုန်းမုန်တိုင်း အဖြစ်များတဲ့ ရာသီနဲ့ ကြုံကြိုက်သွားလို့လို့ ဆိုပါတယ်။

အဲဒီလို စိတ်ဝင်စားစရာ သမိုင်းတွေနဲ့ သာယာလှပတဲ့ ကမ်းခြေရှိတဲ့ မြို့ကလေးကို မနက်ဖြန် ည ဒီအချိန်ဆိုရောက်နေလောက်ပါပြီ။ သယ်သွားမယ့် အ၀တ်အစားတစ်ချို့က စိုထိုင်းထိုင်း ဖြစ်နေတာမို့ မီးပူထိုးရအုံးမှာပါ။ မနက် ငါးနာရီခွဲလောက် ထရမှာမို့ ဒီတွင် ရပ်ပြီး ပစ္စည်းတွေ လည်း ဆက်သိမ်းလိုက်ပါအုံးမယ်။

Ref: http://en.wikipedia.org/wiki/Fukuoka
http://kikuko.web.infoseek.co.jp/english/seishun-juuhachi-kippu.html