Monday, April 26, 2010

Ego and me

He and me
Inseparable
The older I am
The bolder he is
I can’t stop
Cultivating,
Plowing,
Fertilizing
And nurturing him
He is killing me
So long as I can’t kill him.

Saturday, April 24, 2010

In a shared evil

Whose is the greater blame in a shared evil?
She who sins for pay, or he who pays for sin?
(Sor Juana Inés de la Cruz, seventeenth century, Mexico)

Friday, April 23, 2010

http://www.myanmar.mmtimes.com/2010/news/461/news01.html

ဆရာ ဒီစာတွေ ဖတ်ရတာ ရင်ထဲအောင့်လှတယ်။

http://www.myanmar.mmtimes.com/2010/news/461/news06.html

http://www.myanmar.mmtimes.com/2010/news/461/news01.html

http://www.myanmar.mmtimes.com/2010/news/461/news02.html

အသုံးပြတ်တတ်တဲ့ ငါ့အတွက် စာအုပ်ပုံကြားညှပ် သိမ်းထားတဲ့ ပိုက်ဆံထုပ်လေးထုတ်ပေး တတ်တဲ့ ငါ့ဆရာ။
အဖိုးမတန်တဲ့ ပုဝါပိုင်းလေး ပေးတာတောင် ၀မ်းသာအားရ အလေးးထား သုံးပြခဲ့တဲ့ ငါ့ဆရာ။
ညစာထမင်းချိုင့်ကို ဆာလောင်နေတဲ့ ငါ့အတွက် ချန်ထားပေးတတ်တဲ့ ငါ့ဆရာ။
ငါရှိတဲ့ညတွေ အဆဲချွေတာ အနေခြိုးခြံပေးခဲ့တဲ့ ငါ့ဆရာ။
ညဦးယံမှာ အမေ လို့ ယောင်ရမ်း တမ်းတ တတ်ခဲ့တဲ့ငါ့ဆရာ။
တရေးအနိုး အိမ်မပြန်ရသေးတဲ့ငါ့ကို တွေ့ရင် ပြန်တော့ ညဥ့်နက်ပြီ သမီး လို့ နှင်တတ်တဲ့ ငါ့ဆရာ။
ပျင်းလေတိုင်း ပတ္တလားကို ထင်သလို တီးတတ်တဲ့ ငါ့ကို ဒိုရေမီဖာ..သံစဉ်ထွက် အောင် တီးပြသင်ပြပေးခဲ့တဲ့ ငါ့ဆရာ။
စာဖတ်ပျင်းလေတဲ့ ငါ့ကို စာတွေချစ်လေတဲ့ ဆရာက ကဗျာတွေရေးပေးလို့ စာတွေ ဖတ်စေခဲ့ တယ်။
လူခြေတိတ်ဆိတ်တဲ့ရုံးခန်းနဲ့ ညတစ်ချို့ဟာ ဆရာ့ကြောင့် ငါ့စိတ်ကို လုံခြုံ နွေးထွေးစေခဲ့ တယ်။
ဒါတွေကို ငါဘယ်တုန်းကမှ ထုတ်မပြောမိခဲ့ဘူး။ ဘာကြောင့်များ မပြောဖြစ်ခဲ့ရတာလဲ။
(တာဝန်မကျေသူဟာ ပိုပြီး နောင်တ ရတတ်စမြဲပါ ဆရာ။)

Thursday, April 22, 2010

My Ongoing Thesis

Review Literature
Frame Theory
No Hypocrite. Just Hypothesis
Develop Models
Have Method
Not Regret but Regress.

Stata and Paper
Playing the software game called Stata
Necessarily putting the data
Regressing the growth with corruption and media
Checking the results and their behaviors
Yet hard to interpret their manners
Discrepancy in what I want and what you give
That’s what you call it academic PAPER!

Wednesday, April 21, 2010

ဆရာ

ငါ အဖော်မဲ့တဲ့ ညတွေ
ငါ့အတွက် ကဗျာတွေ
ရွတ်ပေးတတ်တဲ့ ဆရာ။

ငါ ဆာလောင်တဲ့ ညတွေ
ငါ့အတွက် မုန့်ထုပ်ကလေး
လာချပေးတတ်တဲ့ ဆရာ။

ငါ့မျက်နှာ ညိုးနွမ်းတဲ့အခါ
ရယ်ဖို့ ဟာသတွေ
ပြောပေးတတ်တဲ့ ဆရာ။

ငါ့မျက်နှာ ခက်ထန်တဲ့အခါ
အလိုက်တသိ
တိတ်ဆိတ်ပေးတတ်တဲ့ ဆရာ။

ငါ အနားသွားတဲ့အခါ
ပုလင်းကို အသာတွန်းဖယ် ၀ှက်ရင်း
ဆရာ မသောက်တော့ဘူး လို့
ပြောတတ်တဲ့ဆရာ။

ပိုက်တစ်ချောင်း နှာခေါင်းမှာတပ်လို့
အနေခက်လည်း
ငါ့အတွက် မမောတမ်း
နှလုံးသားအာဟာရ စာပေတွေ
ပြောပြတဲ့ဆရာ။



ငါ့အတွက် ငါ့ထက် ပျော်ရွှင်ပေးခဲ့တဲ့ဆရာ။
ငါ့အတွက် ငါ့ထက် ၀မ်းနည်းပေးခဲ့တဲ့ဆရာ။
ငါ့အတွက် ငါ့ထက် ဂုဏ်ယူပေးခဲ့တဲ့ဆရာ။

မိဘနှင့်လည်း မခြားသူ။
မိတ်ဆွေကောင်းလည်း ဖြစ်ခဲ့သူ။
ရဲဘော်ရဲဘက်။

သို့တိုင်အောင်
မကျေနပ်ဘူးဆရာ။

ဘာကြောင့်များ စိတ်ချလက်ချ
စွန့်ခွာသွားနိုင်တာလဲ။

ဘာကြောင့်များ နောက်တစ်ကြိမ်
တွေ့ခွင့် မပေးတော့တာလဲ။

ဘာကြောင့်များ.........ဘာကြောင့်များ။

Saturday, April 3, 2010

April Medical check-up

ဧပြီ ၁ ရက်နေ့က ကျောင်းမှာ ဆေးစစ်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီနေ့က ကိုယ်တို့ဌာနရဲ့ ဆရာကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးမယ့် ဟာနမိ (ချယ်ရီပန်းကြည့်ပွဲ) ရှိပါတယ်။ လိုက်မယ်လို့လည်း ရည်ရွယ်ထားပြီးသားပါ။ ဒါပေမယ့် ညက ကိုရီးယားဇာတ်လမ်းတွဲကို အာရုံတက်ချိန်နီးပါးကြည့်မိတဲ့ကိုယ် မနက်ကျ တုပ်တုပ်မှ မလှုပ်နိုင်တော့ပါဘူး။ ကိုယ် ဟာနမိ လိုက်ကြည့်နေပြီ အထင်နဲ့ သူငယ်ချင်းက မနက် ၉ နာရီကျော်မှာ လှမ်းဖုန်းဆက်မေးတော့မှ အိပ်ချင်မူးတူးအသံနဲ့ အိပ်ရာထဲမှာလို့ ဖြေလိုက်ပါတယ်။ မျက်လုံးကသာမပွင့်တာ ကျိုတိုတခွင် ချယ်ရီပန်းသွားကြည့်တဲ့ အဖွဲ့တွေနောက်လိုက်ကြတာ ပေါ့လို့ ပြောလိုက်ပါသေးတယ်။ သူကလည်း တခြားသူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်လိုက်အုံး မယ်ဆိုပြီး ဖုန်ချသွားတယ်။ မိုးကလည်း ရွာမယ့်လို့ ကြေညာထားတော့ နဲနဲအင်တင်တင်နဲ့ပေါ့။ နောက်တော့ သူမသွားဖြစ် တော့တဲ့အကြောင်း ထပ်ဆက်လာပါတယ်။ သူငယ်ချင်း ဖုန်းချသွား တာနဲ့ တုန်းကနဲ ပြန်အိပ် ပျော်သွားလိုက်တာ ပြန်နိုးလာလို့ နာရီကြည့်လိုက်တော့ နေ့လည် တစ်ချက်တီးခါနီးပါပြီ။ ဒါနဲ့ မဖြစ်သေးဘူး။ ဟာနမိ မမှီတော့တဲ့အတူတူ အလုပ် တစ်ခုခု ပြီးအောင် ကျောင်းသွားပြီး ဆေးစစ်အုံးမှ ဆိုပြီး ထွက်လာခဲ့ပါတယ်။ ဆေးက ၁နာရီကနေ စစစ်ပေးမှာ ဆိုတော့ ထမင်း တောင်မစားအားပဲ တတ်သုတ်ရိုက် စက်ဘီးနင်းလာခဲ့ပါတယ်။
ကျောင်းထဲ ၀င်လိုက်တယ်ဆိုရင်ပဲ ようこそ (welcome) ဆိုတဲ့ စကားလုံးကို စာလုံး တစ်လုံးစီ ရေးချယ်ထားတဲ့ ချယ်ရီရောင် သုံးထပ်သားပြားတွေကို မိန်းလမ်းမ တစ်ဖက် တစ်ချက်က မီးတိုင်တွေမှာ ချိတ်ထားတွေ့ရပါတယ်။ စာသင်နှစ်တစ်နှစ်ရဲ့ အစကို ရောက် တော့မှာမို့ ကျောင်းတော်ကြီးက ကျောင်းသားသစ်လေးတွေကို ကြိုဆိုနေဟန်ရှိပါတယ်။

ဧပြီ စာသင် နှစ်ဟာ ဂျပန်ကျောင်းသားလေးတွေအတွက် စာသင်နှစ်စပါ။ ကိုယ်တို့လို နိုင်ငံခြား သား ကျောင်းသားတွေအတွက်တော့ စက်တင်ဘာလက စာသင်နှစ်စပေါ့။
ကျောင်းက ဧပြီ ၇ ရက်နေ့မှာ စဖွင့်မှာ ဆိုပေမယ့် ဆေးစစ်ဖို့ လာတဲ့ကျောင်းသားတွေ၊ တခြားပြင်ဆင်စရာတွေအတွက် လာကြတဲ့ ကျောင်းသားတွေနဲ့ ပြန်လည် စည်ကား သက်ဝင် လို့နေပါတယ်။
စိတ်ထဲမှာလည်း ဘာရယ်မသိမြူးလို့နေပါတယ်။ ချယ်ရီရောင် ဆိုင်းဘုတ်ကလေးတွေကပဲ ကိုယ့်ကို ကြိုနေသလိုလို ဘာလိုလို။ စက်တင်ဘာလမှာ ကျောင်းပြီးတော့မယ့် ကိုယ့်အတွက် ဒီဧပြီရဲ့ကျောင်းရှုခင်းဟာ ဒုတိယနဲ့ နောက်ဆုံးပေါ့။
ကျောင်းဝင်းအလယ်က ချယ်ရီပင်ကြီးကလည်း အပွင့်တွေ ဝေေ၀ဆာ ပွင့်လို့။ ဆေးစစ်ဖို့ တန်းစီရမယ့် prism house ဘက်ကို ချိုးလိုက်တယ်ဆိုရင်ပဲ chest x-ray ရိုက်ပေးမဲ့ ကားကြီးကို တွေ့လိုက်ရပါတယ်။ prism house က သီရေတာထဲ ၀င်လိုက်တာနဲ့ ကိုယ့်ရှေ့မှာ ထိုင်စောင့်နေကြတဲ့ ကျောင်းသား တစ်ရာလောက်ကို တွေ့လိုက်ရပါတယ်။
အခန်းဝမှာ စောင့်တဲ့ အမျိုးသမီးက ကိုယ့်ကို ရှေ့ဆုံးက ခုံမှာ နေရာယူဖို့ပြောတော့ တယ်ဟုတ်ပါလား။ နိုင်ငံခြားသား ကျောင်းသားမို့ ဦးစားပေးလေသလားလို့ တွေးလိုက်မိပါတယ်။ ဒါပေမယ့် အနောက်ကလူတွေကို တစ်သုတ်ပြီး တစ်သုတ်ခေါ်သွား တော့မှ နောက်ကလူအုပ် ကုန်မှ ရှေ့ဆုံးတန်းက လူတွေကို ပြန်စမယ်ဆိုတာ သဘောပေါက် လိုက်ပါတယ်။
ဒါနဲ့ပဲ ဆေးမစစ်မီ မေးခွန်းလွှာနဲ့ ကိုယ်ရေးအချက်အလက် စာရွက်ကို ဖြည့်နေလိုက်ပါတော့ တယ်။ အင်္ဂလိပ်လို ရေးပေးထားသမို့ အလွယ်တကူပဲ ဖြည့်လိုက်ပါတယ်။ တစ်နှစ်ခွဲ ကျောင်း တက်ခဲ့တဲ့ကာလမှာ ဆေးစစ်ရတာ ဒါနဲ့ပါဆို သုံးကြိမ်မြောက်ပေါ့။ နောက်ဆုံးအကြိမ်လို့လည်း ထင်ပါတယ်။

မေးခွန်းတွေကလည်း ဒီမေးခွန်းတွေပဲမို့ ဒီအဖြေပဲ ထပ်ဖြေပေးလိုက်ပါတယ်။ စာလိုက်ရတာ အခက်အခဲရှိသလား၊ ဘ၀မှာရော အခက်အခဲကြုံနေသလားလို့ မေးထားတဲ့ မေးခွန်းကို အရင်ကလိုပဲ ဟင့်အင်းလို့ ဖြေလိုက်ပါတယ်။ စိတ်ဖိစီးမှု ရှိသလားလို့ မေးတော့လည်း အရင်ကလိုပဲ နည်းနည်းပေါ့လို့ ဖြေလိုက်ပါတယ်။ အအေးရော အလွယ်တကူမိတတ်သလား ဆိုတော့လည်း အင်းပေါ့။ ကိုယ်အလေးချိန် ဘယ်လိုရှိတယ်ထင်လဲ ဆိုတဲ့အမေးကို ကျချင်နေတာလို့ ဖြေလိုက်ပါတယ်။ စားချင်သောက်ချင်စိတ် ပျက်သလား အမေးကို ဘယ်တုန်းကမှ မပျက်ဆိုတဲ့ သဘောနဲ့ none လို့ ဖြေလိုက်ပါတယ်။ အဲ တစ်ခုပါပဲ။ အရက်သေစာ သောက်စားသလားလို့ မေးတဲ့ မေးခွန်းမှာတော့ အရင်က နိုး လို့ ဖြေခဲ့ပေမယ့် ငါးပါးသီလမှာ တစ်ပါးမကျိုးချင်တာနဲ့ အခု တစ်ခေါက်တော့ တစ်ခါတစ်လေပါ လို့ ဖြေလိုက်ပါတယ်။
တစ်နာရီလောက် စောင့်ပြီးတဲ့အခါမှာတော့ ကျောင်းသားကဒ်နဲ့ တိုက်စစ် အစစ်ဆေးခံပြီး ဆေးဝန်ထမ်းလေး ကမ်းပေးလာတဲ့ ခွက်ကလေး ကိုင်ပြီး သီရေတာ ထဲက ထွက်လာပါတယ်။ အဲဒီနောက် ၀န်ထမ်းလေး ညွန်တဲ့အတိုင်း ရေအိမ်ထဲဝင်၊ ပြန်ထွက်လာ၊ နောက်တော့ ခွက် ကလေး ကို ဆေးဝန်ထမ်း အမျိုးသမီးကြီးရှေ့က စားပွဲပေါ်ချပေးလိုက်ပါတယ်။ သူကလည်း စက္ကူ ပြားလေးတစ်ခုကို ခွက်ထဲနှစ်ပြီး ဆေးစစ်ပေးပါတယ်။ အဲသလို အောင်မြင်စွာ ဆီးစစ်ပြီး တဲ့နောက် အရပ်တို့၊ သွေးပေါင်ချိန်တို့ တိုင်းတဲ့ အခန်းတွေဘက်လှည့်ခဲ့ပါတယ်။ သုံးဆယ်ကို တော်တော်စွန်းနေပြီ ဖြစ်တဲ့ ကိုယ့်အတွက် ထွက်စရာ အရပ်လည်း မရှိတော့ပါဘူ။ ဒါပေမယ့် အဲဒီ ပေါင်ချိန်စက်နဲ့ အရပ်တိုင်းတဲ့ ပေတံကြီးပေါ်တက်ရတာကိုပဲ ပျော်သလိုလို၊ အဲဒီနောက် တိုးနေတဲ့ အလေးချိန် ကို ကြည့်ပြီး ဒီလောက်တော့ရှိမှာပေါ့လေ၊ ဒီရက်ပိုင်းတွေ ဘာစားစား စားကောင်းတာကိုးလို့ ဖြေသိမ့်လိုက်ပါတယ်။
နောက်တော့ မျက်စိစစ်တဲ့ နေရာကို သွားပါတယ်။ ကိုယ့်ကို ခိုင်းတာက တစ်ခု၊ ကိုယ်က ပြန်ဖြေတာ တခြားမို့ မျက်စိစစ်ပေးတဲ့ ဆေးဝန်ထမ်းအမျိုးသမီးက ရုပ်ပုံကားချပ်လေးနဲ့ ကိုယ့်ကို ရှင်းပြပါတယ်။ အဲဒီတော့မှပဲ သူဘာလုပ်ခိုင်းတယ်၊ မေးနေတယ်ဆိုတာ သဘောပေါက်သွားပါ တယ်။ သဘောက မျက်လုံးကို မှန်ဘီလူးနဲ့ အပ်ခိုင်းပြီး ပေါ်လာတဲ့ စာလုံးဟာ ဘယ်ဘက် လှည့်နေသလဲဆိုတာမျိုးမေးတာပါ။ မြန်မာအက္ခရာတွေ၊ ဂဏန်းတွေနဲ့ တူတဲ့ ဂ၊ ပ၊ ၀၊ ၁ တို့ကို မေးလေသမို့ ဂငယ်လို့ ဖြေတော့မယ့် ပါးစပ်ကို ဘရိတ်အုပ်ပြီး လက်မကို အောက်ဆိုက်ပြလိုက်ပါတယ်။

မျက်စိ စစ်တာ အောင်မြင်စွာပြီးဆုံးသွားလေတော့ ဓါတ်ရောင်ချည်အရိုက်ခံဖို့ ကားကြီးဆီကို လှမ်းခဲ့ပါတယ်။ ချွတ်ရပြုရလွယ်ကူတဲ့ အင်္ကျီဝတ်လာဖို့ ကျောင်းကကြိုတင်မှာ ထားသမို့ ကိုယ်လည်း တီရှပ်ပဲ ၀တ်လာပါတယ်။ ဒီနေရာမှာတော့ လူရှင်းသမို့ တန်းတောင်မစီလိုက်ရပါဘူး။ အဲဒီနောက်တော့ ကိုယ့်ရဲ့ ဆေးစစ် ခြင်းကိစ္စအ၀၀ ပြီးဆုံးသွားပါတယ်။ (sleepy now)

Thursday, April 1, 2010

Medical check-up at school

Gaining weight
Poorer vision
Staunched growth
These are the results today

တိုးလာတဲ့ ပေါင်ချိန်
မွဲလာတဲ့ မျက်စိ
ထွက်မလာတဲ့အရပ်
ဒါတွေ ယနေ့ ထွက်လာတဲ့ အဖြေ။