ဆရာ ဒီစာတွေ ဖတ်ရတာ ရင်ထဲအောင့်လှတယ်။
http://www.myanmar.mmtimes.com/2010/news/461/news06.html
http://www.myanmar.mmtimes.com/2010/news/461/news01.html
http://www.myanmar.mmtimes.com/2010/news/461/news02.html
အသုံးပြတ်တတ်တဲ့ ငါ့အတွက် စာအုပ်ပုံကြားညှပ် သိမ်းထားတဲ့ ပိုက်ဆံထုပ်လေးထုတ်ပေး တတ်တဲ့ ငါ့ဆရာ။
အဖိုးမတန်တဲ့ ပုဝါပိုင်းလေး ပေးတာတောင် ၀မ်းသာအားရ အလေးးထား သုံးပြခဲ့တဲ့ ငါ့ဆရာ။
ညစာထမင်းချိုင့်ကို ဆာလောင်နေတဲ့ ငါ့အတွက် ချန်ထားပေးတတ်တဲ့ ငါ့ဆရာ။
ငါရှိတဲ့ညတွေ အဆဲချွေတာ အနေခြိုးခြံပေးခဲ့တဲ့ ငါ့ဆရာ။
ညဦးယံမှာ အမေ လို့ ယောင်ရမ်း တမ်းတ တတ်ခဲ့တဲ့ငါ့ဆရာ။
တရေးအနိုး အိမ်မပြန်ရသေးတဲ့ငါ့ကို တွေ့ရင် ပြန်တော့ ညဥ့်နက်ပြီ သမီး လို့ နှင်တတ်တဲ့ ငါ့ဆရာ။
ပျင်းလေတိုင်း ပတ္တလားကို ထင်သလို တီးတတ်တဲ့ ငါ့ကို ဒိုရေမီဖာ..သံစဉ်ထွက် အောင် တီးပြသင်ပြပေးခဲ့တဲ့ ငါ့ဆရာ။
စာဖတ်ပျင်းလေတဲ့ ငါ့ကို စာတွေချစ်လေတဲ့ ဆရာက ကဗျာတွေရေးပေးလို့ စာတွေ ဖတ်စေခဲ့ တယ်။
လူခြေတိတ်ဆိတ်တဲ့ရုံးခန်းနဲ့ ညတစ်ချို့ဟာ ဆရာ့ကြောင့် ငါ့စိတ်ကို လုံခြုံ နွေးထွေးစေခဲ့ တယ်။
ဒါတွေကို ငါဘယ်တုန်းကမှ ထုတ်မပြောမိခဲ့ဘူး။ ဘာကြောင့်များ မပြောဖြစ်ခဲ့ရတာလဲ။
(တာဝန်မကျေသူဟာ ပိုပြီး နောင်တ ရတတ်စမြဲပါ ဆရာ။)
No comments:
Post a Comment